ရေကြောင်းခရီးဧ။် အားသာချက်များ ၁. ကား လေယာဉ်များကဲ့သို့ မူးမော်ခြင်းများ မရှိသလောက် နည်းပါးခြင်း ၂. အညောင်းအညာပြေ လမ်းလျှောက်၊ အိမ်သာ သွား စသည်တို့ကို အဆင်ပြေသလို လွယ်ကူ အေးဆေးစွာ လုပ်နိုင်သောကြောင့် ပင်ပန်းမှု မရှိပဲ ခရီးစဉ်ပြီးတဲ့ အခါ လန်းဆန်းအပန်းပြေခြင်း ၃. မြန်မာ နိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီ မြစ်ကမ်းတစ်လျှောက် တံငါသည်နှင့် အခြား ရေလုပ်ငန်းများ၊ ကျေးလက်လူနေမှု ဘဝများကို တွေ့မြင်လေ့လာနိုင်သောကြောင့် ဗဟုသုတ အကြားအမြင် တိုးပွားခြင်း ၄. သဘာဝပက်ဝန်းကျင်ကို ချစ်မြတ်နိုးကာ ဧရာဝတီမြစ်ကို စောင့်ရှောက်ထိန်းသိမ်းလိုစိတ်များ တိုးပွားလာစေခြင်း ၅. မိသားစုများ၊ သူငယ်ချင်းများ၊ လုပ်ငန်းဖော်များနှင့် အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် လေတဖြူးဖြူးနှင့် ခရီးထွက်နိုင်ခြင်း၊ စိတ်လိုလက်ရရှိပါက တစ်ဦးတည်း စာအုပ်ဖတ်ကာ လိုက်နိုင်ခြင်း... ၆. ဘုတ်ပေါ်မှာတင် ပန်းကန် ဇွန်း ခရင်းနှင့် အထှာကျကျ အစားအသောက်များ မှာကြား စားသောက်နိုင်ခြင်း ? ၇. လုံခြုံရေးခြင်း နှိုင်းယှဉ်ရင်လည် အခြား ခရီးသွားပုံစံများထက် အဆများစွာ ပိုလုံခြုံ စိတ်ချရခြင်း ......... ကဲ ထပ်ဖြည့်ပေးကြပါဦးဗျား...
View more on Facebook