အမေးများသော မေးခွန်းများ 1. ဘယ်လို boat မျိုးလဲ..? နိုင်ငံခြားသား အပျော်စီး boat လေးတွေ ဖြစ်ပါတယ်.. ပြင်သစ်လူမျိုးတွေ အစီးများပါတယ်..နှစ်ထပ်ပုံစံဖြစ်ပြီး အောက်ထပ်မှာ ဘိုထိုင်အိမ်သာ ပါရှိပါတယ် 2. ဘယ်လိုငှါးရတာလဲ? Able Moon Cruise က စင်းလုံးငှါး အဓိက ဝန်ဆောင်မှုပေးပါတယ်... ပေါ်ပြူလာအဖြစ်ဆုံး ခရီးစဉ် အတိုဆုံးက မန္တလေး- မင်းကွန်း ခရီးစဉ်ဖြစ်ပြီး ငှါးမယ့်အဖွဲ့ရဲ့ လူဦးရေပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိပါတယ်.. ၁ ယောက်ကနေ ၄ ယောက်အတွင်း ၃၅၀၀၀ ၅ ယောက်ကနေ ၁၀ ယောက်အတွင်း ၄၃၀၀၀ ၁၁ ယောက်ကနေ ၁၅ ယောက်အတွင်း ၅၁၀၀၀ ၁၆ ကနေ ၂၅ အတွင်း ၇၁၀၀၀ စုစုပေါင်း ကြာမြင့်ချိန်က ၃ နာရီဖြစ်ပြီး အသွား ၁ နာရီ၊ အပြန် ၄၅ မိနစ်၊ မင်းကွန်းမှာ လည်ပက်ချိန် ၁ နာရီကျော်ကျော် ဖြစ်ပါတယ်... အချိန်ပို လိုချင်ပါက တစ်နာရီ ၁သောင်း နဲ့ အချိန်ထပ်မံ ရယူနိုင်ပါတယ်... နေ့တစ်ဝက်ခရီးစဉ်များ မန်း မင်းကွန်း စစ်ကိုင်း မန်း - 95,000 (5 to 10 pax) 1pm to 7:30pm (6.5 hours) 11 am to 5:30 pm (6.5 hours) တစ်နေကုန် ခရီးစဉ်များ မန်း အင်းဝ စစ်ကိုင်း မန်း - 110,000 (5 to 10 pax) 8am to 6pm မှတ်ချက် - အင်းဝနဲ့ စစ်ကိုင်း ခရီးစဉ်တွေအတွက် အင်းဝမှာ လည်ရန် မြင်းလှည်း၊ စစ်ကိုင်းမှာ လည်ရန် ကား စသည်တို့ကို ကိုယ်ပိုင်စရိတ်များနှင့်သာ စီစဉ်ရမှာဖြစ်ပြီး ကျနော်တို့ဘက်ကလည်း ချိတ်ဆက်စီစဉ်ပေးပါတယ်ဗျား.. အခြား သီးသန့် မိုးရာသီ အထူးအနေနဲ့ တစ်နေကုန် boat စီး ခရီးစဉ်ဖြစ်တဲ့ မန်း- ရှိမ်းမကား- မင်းကွန်း- မန်း ကတော့ တစ်ဦးချင်း ၃၅၀၀၀ (အစားအသောက်ပါပြီး) နဲ့ ခရီးစဉ် ရှိတဲ့ ရက်မှာ join နိုင်ပါတယ်... ကိုယ့်အဖွဲ့နဲ့ကိုယ် စင်းလုံးငှါးမယ်ဆိုလည်း ၁၀ ဦးအတွက် ၃၅၀,၀၀၀ က စတင်ပြီး သီးသန့် ငှါးရမ်း စီစဉ်ပေးပါတယ်... ❇ ပန်းဘောလုံး အလှဆင် ဝန်ဆောင်မှု❇ ၂၅၀၀၀ ၃၅၀၀၀ ၅၀၀၀၀ ဈေးနှုန်းများလေ အလှဆင်ရန် အသုံးပြုတဲ့ ပန်း၊ ဘောလုံး အရေအတွက်များလေ ဖြစ်ပါတယ်... ? ဓာတ်ပုံဝန်ဆောင်မှု ? 30000 for 30 softcopy 50000 for 65 soft copy မှတ်ချက် ဓာတ်ပုံဝန်ဆောင်မှုက ကြိုတင်မှာကြား စီစဉ်မှသာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပြီး မိမိ ခရီးသွားလိုသော ရက်မှာ ဓာတ်ပုံဆရာ ရရှိမရှိဆိုတာကို ကျနော်တို့ဘက်က ပြန်လည် အသိပေး ဆွေးနွေးပေးပါတယ်... အချို့ရက်တွေမှာ ခရီးစဉ်တွေ များပြားနေတာ၊ ခရီးလွန်နေတာ မျိုး ဖြစ်နေရင် ဓာတ်ပုံ ဝန်ဆောင်မှု မရရှိနိုင်တာမို့ Book တဲ့အချိန်မှာ မေးမြန်းတောင်းဆိုမှသာ စီစဉ်ပေးဖို့အဆင်ပြေမယ့် ဝန်ဆောင်မှုဖြစ်ပါတယ်... 3. လူဘယ်နှစ်ယောက် ဆန့်လဲ...? လောလောဆယ် စီစဉ်ပေးနေတဲ့ boat က size ၃ မျိုးလောက်ရှိပြီး အသေးဆုံးက လူ ၁၅ ယောက်လောက် ချောင်ချိ အေးဆေးစွာ ထိုင်လိုက်နိုင်ပါတယ်.. အကြီးဆုံးကတော့ ၂၈ ယောက်၊ ၃၀ ယောက်အထိ အေးဆေးစွာ လိုက်နိုင်ပါတယ်.. 4. လုံခြုံစိတ်ချရလား...အသက်ကယ်အကျီၤပါလား ? Boat တွေရဲ့ လုံခြုံစိတ်ချရမှုကို အမြဲ အနီးကပ် ကြည့်ရှုစစ်ဆေး ပြင်ဆင်ပြီး လုံးဝ လုံခြုံမှု ရှိမှသာ ဧည့်သည် ကို စီစဉ်ပေးပါတယ် အသက်ကယ်အကျီၤများလည်း လုံလောက်စွာ ပါရှိပါတယ်.. 5. အစားအသောက်မှာလို့ရလား? ကိုယ်ပိုင် menu card ရှိပြီမို့ Booking တင်တဲ့အချိန်မှာ အစားအသောက်ကို ကြိုတင်မှာယူနိုင်ပါတယ် ပြင်ပ အစားအသောက်ယူလာမည်ဆိုပါက Table Charge ကောက်ပါတယ်ဗျား... 6. ဘယ်လို booking တင်ရတာလဲ..? အခုတလော နိုင်ငံခြားသား ခရီးစဉ်တွေ ပြန်လည်များပြားလာတဲ့အတွက် boat ကို ၅ ရက်ကနေ ၄ ရက်အထိ ကြိုတင် booking လုပ်ပေးဖို့ အထူး မေတ္တာရပ်ခံပါတယ်... စရံငွေ ပေးရင် booking confirm ဖြစ်ပါတယ်... စရံကို mobile banking တွေဖြစ်တဲ့ KBZ CB AYA ကနေ ပေးလို့ရသလို OK Account ကနေလည်း လွှဲလို့ရပါတယ်... ဆိပ်ကမ်းကို လူကိုယ်တိုင်လာရောက် လေ့လာ ပေးချေရင်လည်း ရပါတယ်... 7. ဘယ်မှာရှိတာလဲ ? ၂၆ B လမ်းအဆုံး၊ မြို့ပက်လမ်း၊ မြို့တော်ဥယျာဉ်အနောက်ပေါက်နဲ့ မျက်နှာချင်းဆိုင် GMB ဆိပ်ကမ်း ၊ မန္တလေး ဆက်သွယ်ရန် 0**********7711 09977975802
View more on Facebook