အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီပဲ.. . အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းကို ရင့်ကျက်စွာနဲ့ပဲ ရင်ဆိုင်လိုက်ပါ... ဘဝဆိုတာ အောင်မြင်ခြင်းတွေနဲ့ပဲ ဖွဲ့စည်းထားတာ မဟုတ်သလို ရှုံးနိမ့်ခြင်းတွေပဲ လာနေမှာ မဟုတ်ဘူးလေ... ဒီလို ဘဝရဲ့ နှစ်ခါပြန်မရတဲ့ အချိန်တွေကို အကောင်းဆုံး ဖြတ်သန်းဖို့ ကျနော်တို့ကို သတိရပါ.. မိသားစုတွေ၊ သူငယ်ချင်းတွေတဲ့ သက်တောင့်သက်သာ အပျော်ခရီးပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ နှစ်ယောက်တည်း ကမ္ဘာပဲ ဖြစ်ဖြစ် အဆင့်တန်းမှီမှီ လုံခြုံစိတ်ချရတဲ့ Boat တွေကို စင်းလုံးငှါး Private သီးသန့် ငှါးပေးနေတယ်.. တစ်နေကုန် ရွက်လွှင့်မလား.. နေ့တစ်ပိုင်း ဒါမှမဟုတ် နာရီပိုင်းပဲ ပြေးထွက် လွတ်မြောက်မလား... ကြိုက်တဲ့ ခရီးစဉ်၊ ကြိုက်တဲ့ ရက်၊ ကြိုက်တဲ့ အချိန်ကို ဘွတ်ကင်တင်ပါ...စီစဉ်ပေးပါမယ်... ************************************* အမေးများသော မေးခွန်းများ 1. ဘယ်လို boat မျိုးလဲ..? နိုင်ငံခြားသား အပျော်စီး boat လေးတွေ ဖြစ်ပါတယ်.. ပြင်သစ်လူမျိုးတွေ အစီးများပါတယ်..နှစ်ထပ်ပုံစံဖြစ်ပြီး အောက်ထပ်မှာ ဘိုထိုင်အိမ်သာ ပါရှိပါတယ် 2. ဘယ်လိုငှါးရတာလဲ? Able Moon Cruise က စင်းလုံးငှါး အဓိက ဝန်ဆောင်မှုပေးပါတယ်... ပေါ်ပြူလာအဖြစ်ဆုံး ခရီးစဉ် အတိုဆုံးက မန္တလေး- မင်းကွန်း ခရီးစဉ်ဖြစ်ပြီး ငှါးမယ့်အဖွဲ့ရဲ့ လူဦးရေပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိပါတယ်.. ၁ ယောက်ကနေ ၄ ယောက်အတွင်း ၃၅၀၀၀ ၅ ယောက်ကနေ ၁၀ ယောက်အတွင်း ၄၃၀၀၀ ၁၁ ယောက်ကနေ ၁၅ ယောက်အတွင်း ၅၁၀၀၀ ၁၆ ကနေ ၂၅ အတွင်း ၇၁၀၀၀ စုစုပေါင်း ကြာမြင့်ချိန်က ၃ နာရီဖြစ်ပြီး အသွား ၁ နာရီ၊ အပြန် ၄၅ မိနစ်၊ မင်းကွန်းမှာ လည်ပက်ချိန် ၁ နာရီကျော်ကျော် ဖြစ်ပါတယ်... အချိန်ပို လိုချင်ပါက တစ်နာရီ ၁သောင်း နဲ့ အချိန်ထပ်မံ ရယူနိုင်ပါတယ်... နေ့တစ်ဝက်ခရီးစဉ်များ မန်း မင်းကွန်း စစ်ကိုင်း မန်း - 95,000 (5 to 10 pax) 1pm to 7:30pm (6.5 hours) 11 am to 5:30 pm (6.5 hours) တစ်နေကုန် ခရီးစဉ်များ မန်း အင်းဝ စစ်ကိုင်း မန်း - 110,000 (5 to 10 pax) 8am to 6pm မှတ်ချက် - အင်းဝနဲ့ စစ်ကိုင်း ခရီးစဉ်တွေအတွက် အင်းဝမှာ လည်ရန် မြင်းလှည်း၊ စစ်ကိုင်းမှာ လည်ရန် ကား စသည်တို့ကို ကိုယ်ပိုင်စရိတ်များနှင့်သာ စီစဉ်ရမှာဖြစ်ပြီး ကျနော်တို့ဘက်ကလည်း ချိတ်ဆက်စီစဉ်ပေးပါတယ်ဗျား.. အခြား သီးသန့် မိုးရာသီ အထူးအနေနဲ့ တစ်နေကုန် boat စီး ခရီးစဉ်ဖြစ်တဲ့ မန်း- ရှိမ်းမကား- မင်းကွန်း- မန်း ကတော့ တစ်ဦးချင်း ၃၅၀၀၀ (အစားအသောက်ပါ ပြီး) နဲ့ ခရီးစဉ် ရှိတဲ့ ရက်မှာ join နိုင်ပါတယ်... ကိုယ့်အဖွဲ့နဲ့ကိုယ် စင်းလုံးငှါးမယ်ဆိုလည်း ၁၀ ဦးအတွက် ၃၅၀,၀၀၀ က စတင်ပြီး သီးသန့် ငှါးရမ်း စီစဉ်ပေးပါတယ်... 3. လူဘယ်နှစ်ယောက် ဆန့်လဲ...? လောလောဆယ် စီစဉ်ပေးနေတဲ့ boat က size ၃ မျိုးလောက်ရှိပြီး အသေးဆုံးက လူ ၁၅ ယောက်လောက် ချောင်ချိ အေးဆေးစွာ ထိုင်လိုက်နိုင်ပါတယ်.. အကြီးဆုံးကတော့ ၂၈ ယောက်၊ ၃၀ ယောက်အထိ အေးဆေးစွာ လိုက်နိုင်ပါတယ်.. 4. လုံခြုံစိတ်ချရလား...အသက်ကယ်အကျီင်္ပါလား ? Boat တွေရဲ့ လုံခြုံစိတ်ချရမှုကို အမြဲ အနီးကပ် ကြည့်ရှုစစ်ဆေး ပြင်ဆင်ပြီး လုံးဝ လုံခြုံမှု ရှိမှသာ ဧည့်သည် ကို စီစဉ်ပေးပါတယ် အသက်ကယ်အကျီင်္များလည်း လုံလောက်စွာ ပါရှိပါတယ်.. 5. အစားအသောက်မှာလို့ရလား? ကိုယ်ပိုင် menu card ရှိပြီမို့ Booking တင်တဲ့အချိန်မှာ အစားအသောက်ကို ကြိုတင်မှာယူနိုင်ပါတယ် ပြင်ပ အစားအသောက်ယူလာမည်ဆိုပါက Table Charge ကောက်ပါတယ်ဗျား... 6. ဘယ်လို booking တင်ရတာလဲ..? အခုတလော နိုင်ငံခြားသား ခရီးစဉ်တွေ ပြန်လည်များပြားလာတဲ့အတွက် boat ကို ၅ ရက်ကနေ ၄ ရက်အထိ ကြိုတင် booking လုပ်ပေးဖို့ အထူး မေတ္တာရပ်ခံပါတယ်... စရံငွေ ပေးရင် booking confirm ဖြစ်ပါတယ်... စရံကို mobile banking တွေဖြစ်တဲ့ KBZ CB AYA ကနေ ပေးလို့ရသလို OK Account ကနေလည်း လွှဲလို့ရပါတယ်... ဆိပ်ကမ်းကို လူကိုယ်တိုင်လာရောက် လေ့လာ ပေးချေရင်လည်း ရပါတယ်... 7. ဘယ်မှာရှိတာလဲ ? ၂၆ B လမ်းအဆုံး၊ မြို့ပက်လမ်း၊ မြို့တော်ဥယျာဉ်အနောက်ပေါက်နဲ့ မျက်နှာချင်းဆိုင် GMB ဆိပ်ကမ်း ၊ မန္တလေး ဆက်သွယ်ရန် 0**********7711 09977975802

View more on Facebook